Objectives

ရည်ရွယ်ချက်

 

                   ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ) ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်။
(ခ) သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး နိုင်ငံတော်၏စီးပွားရေး တိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝလာစေရေးအတွက် ဆောင်ရွက်ရန်။
(ဂ) လယ်ယာနှင့်စက်မှုကဏ္ဍတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှ ရရှိသော အောင်မြင်မှုရလဒ်များကို ဖြန့်ဝေပေးခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု ကို တိုးတက်စေရန်။
(ဃ) နိုင်ငံတော်အတွက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရှင်များကို ပြုစု ပျိုးထောင်မွေးထုတ်ပေးရန်။
(င) ကုန်ကြမ်းများနှင့် ထုတ်ကုန်ချောများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အရည်အသွေး ထိန်းသိမ်းမှုနှင့် စံချိန်စံညွှန်းသတ်မှတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန်။
(စ) အဏုမြူစွမ်းအင်အသုံးချခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်။

Comments are closed.