Strategies

လုပ်ငန်းစဉ်များ

 

                     ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ) မှ ၂၀၁၁-၂၀၁၂ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အဆင့်မီစာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများနှင့် ပရိဘောဂများ တိုးချဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း။
(ခ) ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများဖြည့်ဆည်းပေးခြင်း။
(ဂ) နိုင်ငံတကာတက္ကသိုလ်များနည်းတူ သတင်းအချက်အလက်နှင့်နည်းပညာများကို တိုးမြှင့်အသုံးပြုခြင်း။
(ဃ) National Research and Education Network Seminar များထူထောင် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
(င) မွမ်းမံသင်တန်းများ၊ National, International Seminar များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သုတေသနနှင့်တီထွင်မှုဆိုင်ရာပြပွဲများ တိုးချဲ့ဆောင်ရွက်ခြင်း။
(စ) နိုင်ငံတကာ မွမ်းမံသင်တန်းများ၊ Seminar များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသနနှင့်တီထွင်မှုဆိုင်ရာပြပွဲများသို့ ပညာရှင်များစေလွှတ်ခြင်း။
(ဆ) နိုင်ငံတကာတက္ကသိုလ်များသို့ ဘွဲ့လွန်သင်တန်းများ၊ အခြားကာလတိုနှင့် ကာလရှည် သင်တန်းများ စေလွှတ်ခြင်း။
(ဇ) နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း။
(စျ) အမျိုးသားဓာတ်ခွဲခန်းထူထောင်၍ ဓာတ်ခွဲစမ်းသပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ည) ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသိပ္ပံသုတေသနဦးစီးဌာန ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များ ဆောင်ရွက်ခြင်း။
(ဋ) သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော် အကျိုးအတွက် တိုက်ရိုက်အကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခြင်း။
(ဌ) နိုင်ငံတော်မှ လိုအပ်လျက်ရှိသော သုတေသနပစ္စည်းများ၊ နည်းပညာရှင်၊ အတတ် ပညာရှင်များ ဖြည့်ဆည်းဆောင်ရွက်ခြင်း။

Comments are closed.