ဘရာဇီးလ်ပြည်ထောင်စုသမ္မတနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ

ဘရာဇီးလ်ပြည်ထောင်စုသမ္မတနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ဘရာဇီးလ်ပြည်ထောင်စု သမ္မတနိုင်ငံ အစိုးရ တို့အကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်

 

      ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နေပြည်တော်၌ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်ပြည်ထောင်စု သမ္မတ နိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Jose Carlos da Fonseca Junior တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် ဘရာဇီးလ်ပြည်ထောင်စု သမ္မတနိုင်ငံအစိုးရတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ သဘောတူစာချုပ်အရ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံချက်များကို ဖြည့်စွက်သဘောတူညီချက် များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

ဘရာဇီးလ်နိုင်ငံ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း

 

          ဘရာဇီးလ်နိုင်ငံမှ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူး H.E. Ambassador Fernando Marrone de Abreu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်သမဝယမဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များမှ တွေ့ဆုံ ဆွေးနွေးပွဲကို (၁၉-၈-၂၀၁၃) ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား နည်းပညာပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါသည်။

Comments are closed.