တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးများအကြား Bilateral Meeting ကျင်းပပြုလုပ်ခြင်း


        တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဖြစ်သူ H.E Mr.WAN Gang သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အလည် အပတ် ခရီးလာရောက်ခဲ့သည့် ခရီးစဉ်အတွင်း (၉-၈-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      အဆိုပါအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ H.E Mr. WAN Gang နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့သည် China-ASEAN Science and Technology Partnership Program အစီအစဉ်အရ ဆောင်ရွက်မည့် Joint Lab Program ၊ Remote Sensing Satellite Data Sharing Project ၊ Technology Transfer ၊ Young Scientist Visiting Program တို့နှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို မည်ကဲ့သို့ မြှင့်တင်နိုင်မည်ကို အကြံဉာဏ်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။


Minutes of Meeting နှင့် Remote Sensing Satellite Data များခွဲဝေခြင်းနှင့် လုပ်ငန်းသုံးပရိုဂရမ် များ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ရည်မှန်းချက်စာလွှာ လက်မှတ်ရေးထိုးခြင်း


      အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီးတို့သည် Minutes of Meeting အားလည်းကောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ China Center for Resources Satellite Data and Application (CRESDA) တို့အကြား Remote Sensing Satellite Data များ ခွဲဝေခြင်းနှင့် လုပ်ငန်းသုံးပရိုဂရမ်များ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ရည်မှန်းချက်စာလွှာ (Letter of Intent-LoI) အား မန္တလေးနည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Center for Resources Satellite Data and Application (CRESDA) မှ ညွှန်ကြားရေးမှူးတို့မှ လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။


ပထမအကြိမ်တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်း နှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်


     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ပထမအကြိမ် တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းခြင်းနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးဗဟိုဌာန စတင်ဖွင့်လှစ်သည့် အခမ်းအနား သို့ တက်ရောက်ရန်အတွက် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍနှင့် စံချိန်စံညွှန်းကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။


မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စံချိန်စံညွှန်း ကွပ်ကဲရေးဌာနတို့အကြား စံချိန်စံညွှန်းပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာ


    မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စံချိန်စံညွှန်းကွပ်ကဲရေးဌာနတို့အကြား စံချိန်စံညွှန်းပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စံချိန်စံညွှန်းကွပ်ကဲရေးဌာနမှ အဆိုပြုထားပါသည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက် နိုင်ငံတော် အစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်အဆင်ပြေမည့်နေ့တွင် လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။


မြန်မာ-တရုတ် နည်းပညာလွှဲပြောင်းရေးဌာန ပူးပေါင်းတည်ထောင်ခြင်း ဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း


       (၂၁-၈-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guangxi Science and Technology Department မှ Deputy Director General ဖြစ်သူ Mr. Liu Jianhong တို့သည် မြန်မာ-တရုတ် နည်းပညာ လွှဲပြောင်းရေးဌာန ပူးပေါင်းတည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။


Talented Young Scientists Visiting Program


       အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး Talented Young Scientists Visiting Program အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်မှ မြန်မာ့ထူးချွန်လူငယ်သိပ္ပံပညာရှင် (၁၅) ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်ထားပါသည်။


သင်ထောက်ကူပစ္စည်းများအကူအညီပေးရေးကိစ္စ


    နိုင်ငံတော်အကြီးအကဲ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် ခရီးစဉ်အတွင်း (၂၇-၆-၂၀၁၄) ရက်နေ့တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ဆက်သွယ်ရေးကွန်ရက်အတွက် လိုအပ်သော ဆက်သွယ်ရေး ကွန်ရက်ပစ္စည်းကိရိယာများ အကူအညီပေးရေး ဆိုင်ရာစာလွှာ” အား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပါသည်။

Comments are closed.