အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ

အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ


      အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ South Asia Ministers of Education Organization Regional Open Learning Center (SEAMOLEC)၊ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့သည် စက်မှုနှင့်သက်မွေးပညာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

      အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအဖြစ် စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ဆရာ၊ ဆရာမများအား အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ ဖိတ်ခေါ်၍လည်းကောင်း၊ အင်ဒိုနီးရှားသမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များမှ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအားဖြင့်လည်းကောင်း၊ စက်မှုနှင့်သက်မွေးပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ငန်းများနှင့် သင်ကြားနည်းစနစ်များအား ပို့ချသင်ကြား ပေးလျက်ရှိပါသည်။

Comments are closed.