ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု

ထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု

ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေးကော်မရှင် (OVEC)၊ Agency for Technical Cooperation and Development (ACTED) နှင့် Adventist Development and Relief Agency Myanmar (ADRA) တို့အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ

 

၁။         သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနနှင့် ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေး ကော်မရှင် (OVEC)၊ Agency for Technical Cooperation and Development (ACTED) နှင့် Adventist Development and Relief Agency Myanmar (ADRA) တို့အကြား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားဒုက္ခသည်များ၏ စက်မှုနှင့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သက်မွေးပညာရပ် သင်တန်းများအား မြန်မာနိုင်ငံ၏ သက်မွေးပညာရပ် ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းပြင်ဆင်ခြင်း၊ အောင်လက်မှတ်ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပထမအကြိမ် အစည်းအဝေးအား ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ တွင်လည်းကောင်း၊ ဒုတိယ အကြိမ်အစည်းအဝေးအား မြန်မာနိုင်ငံ၊ နေပြည်တော်တွင်လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေး နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးပွဲအခမ်းအနားအား မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။           OVEC နှင့် ACTED တို့၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်ရှိ Nawamin College သို့ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်) တို့မှ ဆရာ၊ ဆရာမ ကိုယ်စားလှယ် (၁၇) ဦးအား လေ့လာရေးခရီးနှင့် ဆရာဖြစ် သင်တန်း (TOT) များသို့ သွားရောက်ခဲ့ကြပါသည်။

၃။           OVEC နှင့် ADRA တို့၏ အစီအစဥ်ဖြင့် မဲဆောက်ကောလိပ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) နှင့် နည်းပညာတက္ကသိုလ် (ဘားအံ) တို့မှ ဆရာ၊ ဆရာမ ကိုယ်စားလှယ် (၉) ဦးအား လေ့လာရေးခရီးနှင့် ဆရာဖြစ်သင်တန်း (TOT) များသို့ သွားရောက်ခဲ့ကြပါသည်။ အစိုးရ နည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ဒေသခံလူငယ်လူရွယ်များ အတွက် ကျွမ်းကျင်မှုကာလတို (၃) လ သင်တန်းများအဖြစ် မွမ်းမံစက်ချုပ် သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်း ကိရိယာများကို ပြင်ဆင်တပ်ဆင်ခြင်း သင်တန်းများအား စတင်သင်ကြား လျက်ရှိပါသည်။

 

ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကိုယ်စားလှယ် အဖွဲ့ နည်းပညာ တက္ကသိုလ် (ထားဝယ်) သို့လာရောက်လေ့လာခြင်း၊

၄။         ထိုင်းနိုင်ငံ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အဆင့်မြှင့်တင်ရေး ဒုတိယဥက္ကဌ ပါမောက္ခ     Dr. Sunchai Inthapichai, King Mongkut’s University of Technology North Bangkok (KMUTNB) နှင့် Thailand International Development Cooperation Agency (TICA)မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ နည်းပညာ တက္ကသိုလ် (ထားဝယ်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်) တို့အတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရန် ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

 

ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ Chiang Saen International Institute of Skill Development (CSIISD) မှ နည်းပညာတက္ကသိုလ် (တောင်ကြီး) မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမ များအား ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ကြားလာခြင်း၊

၅။         ထိုင်းနိုင်ငံရှိ Mae Fah Luang University မှ Assoငiate Professor Dr. Preecha Upayakin ဦးဆောင်သောအဖွဲ့သည် နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ လာရောက်လေ့လာခဲ့ပြီး နည်းပညာ တက္ကသိုလ် (တောင်ကြီး) မှ ပါမောက္ခချုပ် ဦးဆောင်သော ဌာနမှူးများ ပါဝင်သည့် ကိုယ်စားလှယ် ဆရာ၊ ဆရာမ (၁၅) ဦးအား Chiang Saen International Institute of Skill Development (CSIISD) သို့ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြား လာပါသည်။

 

နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း

၆။          ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် ထိုင်းနိုင်ငံရှိ အောက်ဖော်ပြပါ နည်းပညာတက္ကသိုလ် (၄) ခုနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ပညာရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိပါသည် –

(က)   Mae Fah Luang University

(ခ)    ASEAN Institute of Tecehnology (AIT)

(ဂ)    King Mongkut University of Technology (KMUTT)

(ဃ)   Khon Kean University

၇။           ထို့အပြင် အောက်ဖော်ပြပါ တက္ကသိုလ်များနှင့်လည်း နားလည်မှု စာချွန်လွှာရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်-

(က)    Nakhon University

(ခ)      Chaing Mai University

(ဂ)    Thammasat University

Comments are closed.