Human Resource Development

လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်း

 

နိုင်ငံတော်ဦးစားပေးလုပ်ငန်းစဉ် (၇) ရပ်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။

အလုပ်အကိုင်ရရှိရေးအတွက်လည်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် ပုံမှန်သင်တန်းများ သာမက ကျွမ်းကျင်သူများ လေ့ကျင့်သင်ကြားရေးကိုလည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ထမ်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများနှင့် စာတမ်းဖတ်ပွဲများ တက်ရောက်ရန် စေလွှတ်ပေးလျက်ရှိပါသည်။

နိုင်ငံတော် ၏လိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရန် စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ အထက်တန်းကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအား နိုင်ငံခြား အကူအညီ အထောက်အပံ့ဖြင့် ပြန်လည် ရေးဆွဲ၍ နိုင်ငံတကာ အဆင့်မီကျောင်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်လျက် ရှိပါသည်။

ကွန်ပျူတာဘာသာရပ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဘာသာရပ်တို့နှင့် အခြေခံဘွဲ့ရရှိပြီး သူများအား IT လုပ်ငန်းခွင်များသို့ အသင့်ဝင်ရောက်နိုင်စေ​ရေးအတွက် Information and Communication Technology Training Institute (ICTTI) နှင့် India-Myanmar Centre for Enhancement of Information Technology Skills (IMCEITS) သင်တန်းများ ဖွင့်လှစ်ထားရှိပါသည်။

သုတေသီများ အရည်အသွေးမြင့်မားရေး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ သုသေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ မွမ်းမံ သင်တန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ နိုင်ငံတကာတက္ကသိုလ်များ၌ ဘွဲ့လွန်သင်တန်းများ၊ ကာလတို/ကာလရှည်သင်တန်းများ တက်ရောက်နိုင်ရေးအတွက် ပညာသင်များ စေလွှတ် ပေးလျက်ရှိပါသည်။

ပညာရှင်များ မွေးထုတ်နိုင်ခဲ့မှု အခြေအနေ

 

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ် စတင်တာ၀န်ထမ်းဆောင်သည့် ကာလ အတွင်း ၂၀၁၀-၂၀၁၁ ခု၊ ၂၀၁၁-၂၀၁၂ ခု၊ ၂၀၁၂-၂၀၁၃ ခုနှင့် ၂၀၁၃-၂၀၁၄ ခု၊ ပညာသင်နှစ်များတွင် မွေးထုတ်အောင်မြင်ခဲ့သော ပညာရှင်အရေအတွက်ကို အောက်ဖော်ပြပါဇယားဖြင့် တင်ပြအပ် ပါသည်-

စဉ် ပညာသင်နှစ် ပါရဂူဘွဲ့ (အင်ဂျင်နီယာ/ ကွန်ပျူတာ/ အသုံးချသိပ္ပံ/ ဇီဝနည်းပညာ) မဟာဘွဲ့

(အင်ဂျင်နီယာ/ ကွန်ပျူတာ/ အသုံးချသိပ္ပံ/ ဇီဝနည်းပညာ)

ဘွဲ့လွန်

(ဂုဏ်ထူးတန်း/ ဒီပလိုမာ)

ပထမဘွဲ့ (အင်ဂျင်နီယာ/ /ဗိသုကာ/ ကွန်ပျူတာ/ ဇီဝနည်းပညာ) အင်ဂျင်နီယာ/ ဒီပလိုမာ/ အချိန်ပိုင်း ကျွမ်းကျင်/ သက်မွေးပညာ စုစုပေါင်း
၂၀၁၀-၂၀၁၁ ၅၆၇ ၈၀၅ ၁၀၃၂ ၁၇၃၁၁ ၁၈၃၇၀ ၃၈၀၈၅ ဦး
၂၀၁၁-၂၀၁၂ ၄၂၆ ၃၇၈ ၁၀၁၇ ၂၀၂၅၉ ၁၄၈၃၄ ၃၆၉၁၄ ဦး
၂၀၁၂-၂၀၁၃ ၆၃ ၁၉၅ ၄၂၀ ၂၁၆၃၁ ၂၅၄၁၆ ၄၇၇၂၅ ဦး
၂၀၁၃-၂၀၁၄ ၄၂ ၂၁၃ ၄၆၀ ၁၉၉၀၃ ၇၈၅ ၂၁၄၀၃ ဦး
၂၀၁၄-၂၀၁၅ ၁၁၁ ၅၆၉ ၈၂ ၃၀၇၀၈ ၆၄၈ ၃၂၁၁၈ ဦး
စုစုပေါင်း ၁၂၀၉ ၂၁၆၀ ၃၀၁၁ ၁၀၉၈၁၂ ၆၀၀၅၃ ၁၇၆၂၄၅ ဦး

 

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်း

 

     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ပညာရည်မြင့်မားရေး အနှစ် (၃၀) စီမံကိန်း၊ အထူးလေးနှစ်စီမံကိန်းနှင့် ငါးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အောက်ဖော်ပြပါ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများကို အဆင့်တိုးမြှင့်/ အသစ် တိုးချဲ့၍ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်-

(က) နည်းပညာတက္ကသိုလ် (၂၉)ခု။
(ခ) အဆင့်မြင့်နည်းပညာတက္ကသိုလ် (၃)ခု။
(ဂ) ကွန်ပျူတာတက္ကသိုလ် (၂၄)ခု။
(ဃ) အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ် (၂)ခု။
(င) မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (၁)ခု။
(စ) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်(၁)ခု။
(ဆ) အစိုးရနည်းပညာကောလိပ် (၃)ခု။
(ဇ) အစိုးရစက်မှုလက်မှုသိပ္ပံ (၂၀)ခု။
(ဈ) အစိုးရနည်းပညာအထက်တန်းကျောင်း(၃၄)ကျောင်း။
(ည) ‌အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်း(၁)ကျောင်း။
(ဋ) နည်းပညာတီထွင်ဆန်းသစ်မှုနှင့်မြှင့်တင်ရေးသင်တန်းကျောင်း (၁)ကျောင်း။
(ဌ) စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း(ရန်ကုန်) (၁)ကျောင်း။

 

Comments are closed.